၁။ မိတ်ဆက်ခြင်း
- ROM robotics ကို ၂၀၁၇ မှာ  ခိုင်လွင် ၊ ပြည့်စုံအောင် တို့နှစ်ဦး အပျော်တမ်း စတင်ထူထောင်ခဲ့ကြပြီး သုတေသနလုပ်ငန်း နှင့် သင်တန်းအချို့ ဖွင့်လှစ်ခဲ့ပါတယ်။ ၂၀၁၉ မှာတော့ တရားဝင် ကုမ္ပဏီ လီမိတက် အဖြစ်ရပ်တည်လာနိုင်ပြီး အလုပ်သင် ၂၆ ယောက်နှင့် ပြင်ပသင်တန်းသား ၂၀ ခန့် သင်ကြားပေးနိုင်ခဲ့ပါတယ်။ သင်တန်းသားများမှ အောက်ပါ သင်တန်းသားများ အချို့ဟာ အဖွဲဝင် အဖြစ် အမြဲတမ်း/ယာယီ လက်တွဲပါဝင်ခဲ့ကြပါတယ်။ 
 ကောင်းထက်ထွန်း 
 သော်လင်းနိုင် 
 ကျော်စွာထွန်း 
 မင်းထက်ဟန် 
 
- ၂၀၂၀ မှာတော့ ပြင်ပသင်တန်းသား ၂၀ ကျော်တက်ရောက်ခဲ့ကြပြီး အောက်ပါသင်တန်းသားများသည် ROM နှင့် အချိန်ပိုင်း ပူးပေါင်းပါဝင်ခဲ့ကြပြီး robot operating system 2 ကိုလေ့လာခဲ့ပြီး ဘာသာပြန်ခဲ့ကြသည်။ 
 အောင်ချိုဦး 
 စည်သူရဲထွန်း 
 သန့်စင် 
 ဖြိုးမင်းသန့် 
 ဇင်မင်းထိုက် 
 မင်းသွေးမြင့်
 
၂။ ထုတ်ကုန်များ
- ပထမဆုံး ထုတ်ကုန်အဖြစ် mobile robot အတွက် robot controller ကိုစမ်းသပ်လျက်ရှိပြီး ၂၀၂၁ နှစ်ကုန်တွင် စတင်အသုံးပြုနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။ ROS1, ROS2, ROS-I နှင့် micro-ROS Real-time OS များကိုလည်း စဥ်ဆက်မပြတ် လေ့လာ ဆန်းစစ်လျက်ရှိပြီး လွယ်ကူစွာအသုံးပြုနိုင်ရေးဆောင်ရွက်လျက်ရှိပါသည်။ software package များကို အောက်ပါ link များတွင် အသုံးပြုပုံနှင့် source code များရယူနိုင်ပါသည်။